မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့
စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media
Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့
အဆင်ပြေမလဲတော့ သေချာမသိပါဘူး။
မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version
တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း
ဖြစ်ပါတယ်။ လုပ်နည်းကတော့
(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။
မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။
No comments:
Post a Comment