Thursday, October 10, 2013

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ ကျနော်အောက်မှာပေးထားတဲ့ Links လေးတွေကနေ အရင်းဆုံးဒေါင်းလုပ်ယူလိုက်ပါ…။ ပြီးရင် Zawgyi-One Font ကိုInstall လုပ်ပါ…. Zawgyi typing Keyboard ဖိုင်ကိုဖွင့်ပြီး Setup ဆိုတာလေးကို Install လုပ်လိုက်ပါ...။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ....။ အဲဒါတွေက ပထမအဆင့်ပါ… ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ရပါမယ်…။ 
အဆင့်(၁) Control Panel ဖွင့်လိုက်ပါ ပြီးရင် All Control Panel Items ထပ်ဖွင့်လိုက်ပါ…။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Language ဆိုပြီး ကမ္ဘာလုံးပုံလေးကို ကလစ်လိုက်ပါ….။

အဆင့်(၂) ပုံမှာပြထားတဲ့အတိုင်း Advaced Settings ဆိုတာကို ကလစ်လိုက်ပါ...။

အဆင့်(၃) ပုံမှာပြထားတဲ့အတိုင်း Override for default input method ဆိုတာကိုရှာပါ...။ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ... ပြီးရင် Save လိုက်ပါ...။ ဒါဆိုရင် Zawgyi Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ...။

Download For Zawgyi-One font  

Download for Zawgyi keyboard 

Download for IE Zawgyi Gtalk Font  
 
Ref : http://pyaesonelay.blogspot.com/2012/12/windows-8-zawgyi-one-font_18.html

Thursday, September 12, 2013

Wi-Fi လွှင့်ရန် (CPE အကြောင်း)

အိမ်တွင်း၊ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။ အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။


Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။ ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။


လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။ အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။
Picture
ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။

သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။

Picture
Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။ dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။
dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။


ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။ ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင် တယ်ပေါ့လေ။

အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့် ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။

Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
Picture
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။

အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။ (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။

External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်း ဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။

ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။

http://www.tp-link.com/support/wireless_calculator/index.asp

ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
Picture
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။
Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။

CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။
Picture
Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။

CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။

Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။

CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။

Wireless LAN Networking အကြောင်း

Wireless LAN Networking ဆိုတာ နေရာဒေသ တစ်ခုအတွင်းက computer တွေက ရင်းမြစ်တွေကို တပြိုင်နက်တည်း wire ကြိုးနဲ့ချိတ်ဆက်မထားဘဲ ရယူ သုံးစွဲနိုင်တဲ့ network ပုံစံတစ်ခုဖြစ်ပါတယ်။ ဒီရင်း မြစ်တွေထဲမှာ ကြီးမားကျယ်ပြန့်တဲ့ broadband Internet ဆက်သွယ်ရေးတွေ၊ network မှာ ဝေမျှသုံးစွဲနေတဲ့ Printers တွေ၊ database ထဲက data file တွေအပြင် အသံ file နဲ့ ၊ုပ်သံ file တွေ streaming audio နဲ့ video file တွေပါဝင်ပါတယ်။ wireless network ကြိုးမဲ့ကွန်ယက် စနစ်က သမ၊ိုးကျကြိုးနဲ့ ဆက်သွယ်မှုဖြစ်တဲ့ IOBASE-T network ရဲ့ လုပ်ဆောင်ချက်တွေအတိုင်း လုပ်ဆောင် ပေးနိုင်ပါတယ်။
ကြိုးမဲ့ကွန်ယက်ကို ၁၉၉၉ ခုနှစ် ဇွန်လမှာ IEEE က 802.11 standard အဖြစ်စံသတ်မှတ်ခဲ့ပါတယ်။ 802.11 ရဲ့ စံသတ်မှတ်ချက် (၄) မျိုးရှိပါတယ်။

(1) 802.11
radio frequency လှိုင်း 2.4 GHz အတွင်း Phase shift keying (PSK) modulation ကို သုံးပြီး data ကို 1 Mbps ကနေ 2 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ IEEE ရဲ့ မူရင်းစံသတ်မှတ်ချက်ဖြစ်ပါတယ်။

802.11a
data 6Mbps နှုန်း၊ 12 Mps နှုန်း၊ 24 Mbps နှုန်းနဲ့ radio လှိုင်း 5 ကနေ 6GHz အတွင်းမှာ မြန်တဲ့ serial information signal တွေကို နည်းနည်းနှေးတဲ့ signal အဖြစ် ခွဲချပြီး မတူတဲ့ frequency လှိုင်းတွေက တဆင့်တပြိုင် နက်တည်းပို့လွှတ်နိုင်တဲ့ Orthogonal frequency Division Multi plexing (OFDM) modulation ကို သုံးပြီး အလုပ်လုပ် တဲ့အတွက်ကြောင့် data ကို အမြင့်ဆုံး 54 Mbps အထိ ပို့လွှတ်နိုင်ပါတယ်။ 802.11a ကို WiFi 5 လို့လည်း လူသိ များပါတယ်။

(3) 802.11b
Complementary Code Keying (CCK) modulation ကို သုံးတဲ့ 802.11bm data rate 11 Mbps ကိုလှိုင်း 2.4 GHz အတွင်းမှာ ပို့လွှတ်ပေးပြီး Wi Fi လို့လည်း ထင်ရှားပါတယ်။

(4) 802.11g
802.11 စံသတ်မှတ်ချက်ရဲ့ မူကြမ်းအဆင့်ပဲရှိ သေးတဲ့ 802.11g က သတ်မှတ်ထားတဲ့ အကွာအဝေးမှာ data 54 Mbps နှုန်းနဲ့ လှိုင်း 2.4GHz အတွင်းပို့လွှတ်ပေး နိုင်ပါတယ်။
ဒီ standard အားလုံးက path လမ်းကြောင်းကို ခွဲဝေသုံးစွဲပေးတဲ့ Carrier Sense Multiple Access with Collision Avoidance ဖြစ်တဲ့ CSMA/CA Ethernet protocol ကို အခြေခံထားပါတယ်။ ကြိုးမဲ့ကွန်ယက်နည်း ပညာတွေအကြောင်း ပြောပါမယ်။ WLAN နည်းပညာ (၄) မျိုးရှိပါတယ်။

(1) Narrowband
Narrowband နည်းပညာဆိုတဲ့အတိုင်း data ပို့ဖို့ 64 kbps အတွင်းရှိတဲ့ radio လှိုင်းကို သုံးပါတယ်။

(2) Spread Spectrum
Spread Spectrum ကို အစကစစ်တပ်မှာ သုံးဖို့ တီထွင်ခဲ့ပေမယ့် ပိုမယ့် data signal ရဲ့ လှိုင်းကို အဆက် မပြတ် ပြောင်းလဲနိုင်ဖို့ Spread Spectrum နည်းပညာက bandwidth များများသုံးနိုင်အောင် ဆောင်ရွက်ပေးပါ တယ်။ narrowband ထက် bandwidth ပိုများပြီး data ပို့လွှတ်မှုမှာလည်း စိတ်ချလုံခြုံပြီး လွယ်ကူပါတယ်။


(3) Frequency Hopping Spread Spectrum (FHSS)
FHSS က data ပို့တဲ့ computer နဲ့လက်ခံမယ့် computer ရဲ့ လှိုင်းပြောင်းလဲမှုတွေအတွက် ချိန်သားကိုက် လုပ်ဆောင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီ hopping လှိုင်း၊ frequency က အချိန်တစ်ခုရောက်တိုင်း လှိုင်းတစ် ခုကနေတစ်ခုကို ပုံသေပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ frequency လှိုင်းမပြောင်းခင်မှာ data ကို ပို့တာ ဖြစ်ပါတယ်။

(4) Direct Sepence Spread Spectrum (DSSS)
ဒီနည်းပညာက FHSS ထက် bandwidth ပိုကြီးပြီး စိတ်ချလုံခြုံမှုကို ပိုပြီးဦးစားပေးထားပါတယ်။ ပို့မယ့် data ကို အစိတ်အပိုင်းလေးတွေ ဖြစ်အောင်ခွဲချလိုက်ပြီး frequency channel လှိုင်းလမ်းကြောင်းပေါ်ကနေ data ပို့ တာဖြစ်ပါတယ်။ ပို့မယ့် bit pattern တစ်ခုစီကို ထုတ်လုပ် ပါတယ်။ data bit တွေ ပျက်စီးသွားရင်တောင်မှ chipping code ကြောင့် data signal ကို ပြန်ပို့စရာမလိုဘဲ ပြန်လည်ရရှိနိုင်ပါတယ်။
802.11 စံသတ်မှတ်ချက်က operational ပုံစံနှစ် မျိုးသတ်မှတ်ထားပါတယ်။ ad hoc (peer-to-peer) ပုံစံနဲ့ infra structure ပုံစံတို့ဖြစ်ပါတယ်။
Ad-hoc ပုံစံမှာ 802.11 network interface cards တွေပဲပါဝင်ပြီး access point မသုံးဘဲ network ထဲမှာ computer တွေက တစ်လုံးနဲ့တစ်လုံးတိုက်၊ိုက်ချိတ်ပြီး ဆက်သွယ်တာဖြစ်ပါတယ်။ ဒီပုံစံမျိုးနဲ့ ဆက်သွယ်မှုကို Independent Basic Service Set (IBSS) ဒါမှမဟုတ် peer-to-peer ပုံစံလို့ခေါ်ပါတယ်။


Infrastructure ပုံစံမှာ wire less access points နဲ့ 802.11 network interface card တွေနဲ့ဖွဲ့စည်းထားပါ တယ်။ ဒီပုံစံမှာ access point က base station ပုံစံနဲ့ network မှာရှိတဲ့ computer တွေကို access point ကနေ တဆင့်ဆက်သွယ်ပေးတာဖြစ်ပါတယ်။ ဒီ access point က wireless range ကို တိုးပေးနိုင်ပါတယ်။ wireless users တွေ များလာတာကိုလည်း လုပ်ပေးနိုင်ပါတယ်။ ဒီ netwok ရဲ့ လုံခြုံမှုကိုလည်း လုပ်ဆောင်ပေးပါတယ်။ wireless network မှာ access point တစ်ခုပဲ သုံးရင် Basic Service Set (BSS) လို့ ခေါ်ပြီး network မှာ access point တစ်ခုထက်မကချိတ်ပြီး ဆက်သွယ်ထားရင်တော Extended Service Set (ESS) လို့ ခေါ်ပါတယ်။

802.11 စံသတ်မှတ်ချက်မှာ roaming capabilities လို့ခေါ်တဲ့ client computer က ချိတ်ဆက်ဖို့ signal အား နည်းနေရင်မတူညီတဲ့ လှိုင်းလမ်းကြောင်း channel တွေ ပေါ်မှာရှိတဲ့ access point တွေကို အားကောင်းတဲ့ signal ရအောင် ချိတ်ဆက်ယူတဲ့ စွမ်းရည်ပါဝင်ပါတယ်။
ကြိုးမဲ့ကွန်ယက်မှာပါဝင်တဲ့ ပစ၊ည်းတွေက computer 3 လုံးအထက် ကြိုးမဲ့ချိတ်တဲ့အခါမှ လိုအပ်မယ့် access point, ပေ ၁၀၀၀ အတွင်းအကာအကွယ်မရှိတဲ့ နေရာမှာ ad-hoc network ပုံစံနဲ့ ဆက်သွယ်မယ့် computer တွေအတွက် PC Card နဲ့ PCI Adapter၊ internet connection ကို ဝေခွဲသုံးစွဲဖို့ router တို့ပဲဖြစ်ပါတယ်။
ကြိုးမဲ့ကွန်ယက်မှာ ပတ်ဝန်းကျင်အနေအထားတွေ ကြောင့်လည်း လုပ်ဆောင်ချက်တွေ ကွာခြားနိုင်ပါတယ်။
(၁) ကြိုးမဲ့ကွန်ယက်မှာ ပါဝင်တဲ့ပစ၊ည်းတွေရဲ့ အကွာ အဝေး (ဒီအကွာအဝေးက accesspoint နဲ့ NIC card ရဲ့ အကွာအဝေး ဖြစ်ပါတယ်။)
(၂) သုံးတဲ့ပစ၊ည်းတွေရဲ့ power အနေအထား(WLAN မှာ device တော်တော်များများဟာ cellular phon-e/walkie-talkie ထက် အဆပေါင်းများစွာ နည်းတဲ့ 30 mWပဲ ထုတ်ပါတယ်။)
(၃) အဆောက်အဦးတွေ၊ အိမ်တွေမှာရှိတဲ့ ပစ၊ည်း ကိရိ ယာတွေ (ဥပမာအားဖြင့် သစ်သား၊ သတ၊ု)
(၄) radio frequency interference ရဲ့ အကျိုးသက် ရောက်မှု
(၅) Antenna အမျိုးအစားနဲ့ထားတဲ့နေရာ စတာတွေ ကြောင့် လုပ်ဆောင်နိုင်စွမ်းတွေ ကွာခြားပါတယ်။

            ကြိုးနဲ့ဆက်သွယ်တဲ့ ကွန်ယက်ပဲဖြစ်ဖြစ် ကြိုးမဲ့ ဆက်သွယ်တဲ့ကွန်ယက်ပဲဖြစ်ဖြစ် လုံခြုံရေးက အရေးကြီး ပါတယ်။ ကြိုးမဲ့ users တွေက security builtin ပါပြီးသား Wireless Equavalent Privacy (WEP) ကို သုံးပြီး မိမိတို့ ကွန်ယက်ကို အတော်အသင့်ကာကွယ်နိုင်ပါတယ်။ WEP မှာ 64 bit နဲ့ 128 bit encryption ကို သုံးထားပါတယ်။ default password တွေကို မကြာခဏပြောင်းလဲဖို့လိုပါ တယ်။ Access point တချို့ကို access လုပ်ခွင့်ရှိတဲ့ MAC (Media Access Control) ကို ကန့်သတ်ချက်ထားရပါမယ်။ IP address တွေကို dynamically ချပေးနေတဲ့ DHCP protocol ကို ပိတ်ထားဖို့လိုပါတယ်။ default သုံးထားတဲ့ ip address တွေရဲ့ subnet ကိုလည်းပြောင်းပေးရပါမယ်။ လုံခြုံမှုအရှိဆုံးကတော့ access point ကို သက်ဆိုင်ရာ LAN မှာ မထားဘဲ firewall မှာဒါမှမဟုတ် DMZ (demilitarized zone) မှာ ထားတာဖြစ်ပါတယ်။ VPN (Virtual Private Network) ကို သုံးဖို့လည်းလိုအပ်ပါတယ်။ ဒါတွေ က ကြိုးမဲ့ကွန်ယက်လုံခြုံရေးရှိဖို့လုပ်ဆောင်ရမယ့် လုပ် ဆောင်ချက်တွေ ဖြစ်ပါတယ်။


(ကျွန်တော် ဖတ်ကြည့်ပြီး ကြိုက်လို့ တစ်ဆင့်ကူးယူဖော်ပြထားတာပါ...)

Wireless Access Point တွေရွေးချယ်ဝယ်ယူတော့မယ်ဆိုရင်



Wireless Access Point တွေရွေးချယ်ဝယ်ယူတဲ့အခါမှာ အထောက်အကူဖြစ်စေဖို့

ဘယ်လိုရွေးချယ်ဝယ်ယူအသုံးပြုရမလဲဆို တဲ့အကြောင်းကို ရှင်းပြသွားမှာဖြစ်ပါတယ်။ Wireless Local Area Network

(WLAN) တစ်ခုတည်ထောင်တော့မယ်ဆိုရင် Wireless Access Point တွေ လိုအပ်လာပြီလေ။ လိုအပ်လာတဲ့အတွက်

ဝယ်ယူရတော့မယ်လေ။ အဲဒီလိုရွေးချယ်တဲ့အခါမှာ ဘယ်လို Standard တွေရွေးချယ်ဝယ်ယူရမလဲဆိုတာ စဉ်းစားရပြီပေါ့။

အဲဒါကြောင့်မို့လို့ အခုအဲဒီ Standard တွေအကြောင်းကို ရှင်းပြမှာဖြစ်တယ်။ Wi-Fi Technology အတွက် IEEE 802.11

Standard တွေကို အသုံးပြုပါတယ်။ အခြား Bluetooth Technology နဲ့ Wi-Fi မဟုတ်တဲ့  အခြား Technology

တွေလည်းရှိပါတယ်။ Technology အသီးသီးကို သူတို့ရဲ့ Specific Networking Application တွေအတွက် Design

ပြုလုပ်ထားပါတယ်။ ကျွန်တော်တိှု့ဆီမှာတော့ Wi-Fi Technology ကို အများဆုံးအသုံး ပြုကြပါတယ်။ ဒါကြောင့်မို့လို့ Wi-Fi

မှာ အသုံးပြုတဲ့ 802.11 Standard တွေအကြောင်းရှင်းပြပါတော့မယ်။ 802.11 Standard တွေမှာဆိုရင် 802.11,

802.11b, 802.11a, 802.11 g နဲ့ 802.11 n ဆိုပြီး ရှိပါတယ်။

802.11 only Standard ဟာ WLAN အတွက် ပထမဦးဆုံး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ 802.11 only ဟာ

Maximum Bandwidth 2 Mbps အထိပဲ ရပါတယ်။ ဒါကြောင့် 802.11 only တွေဟာ Application

တွေဆောင်ရွက်တဲ့အခါမှာ အရမ်းနှေးပါတယ်။

802.11b Standard ဟာ 802.11 Only Standard ရဲ့နောက်မှာ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ 802.11b ဟာ 11

Mbps Bandwidth အထိ Support လုပ်နိုင်ပါတယ်။ 802.11 b Standard ဟာ Unregulated Radio Frequency 2.4

GHz ကိုအသုံးပြုပါတယ်။ ဆိုလိုတာကဗျာ 802.11b ဟာ Signal တွေကို 2.4 GHz Frequency Range ထဲမှာ Transmit

လုပ်တယ်။ 802.11b Standard Wireless Access Point ကို အသုံးပြုမယ်ဆိုရင် အကုန်အကျသက်သာမယ်။ Signal

အားကောင်းတဲ့အတွက်ကြောင့် လွယ်ကူစွာ ပိတ်ပင်တားဆီးလို့မရဘူး။ Obstruct လုပ်လို့မရဘူး။ 802.11b ရဲ့

အားနည်းချက်တွေက Maximum Speed နည်းတဲ့အတွက်ကြောင့် Performance မကောင်းဘူး။ Home Appliances

တွေဟာ Unregulated Frequency Band ပေါ်မှာ တားဆီးနှောင့်ယှက်မှုတွေရှိနိုင်တယ်။



802.11a Standard ကျတော့ Maximum Bandwidth က 54 Mbps အထိ Support လုပ်နိုင်လာပြီ။ ဒါပေမယ့်သူက

Regulated Frequency 5 GHz ကို အသုံးပြုတဲ့အတွက်ကြောင့် 802.11b ထက် Frequency ပိုမြင့်တယ်။ 802.11b နဲ့

802.11a ဟာ အသုံးပြုတဲ့ Frequency ချင်းမတူညီတဲ့အ တွက်တစ်ခုနဲ့တစ်ခုက Compatible မဖြစ်ဘူ့း။ 802.11a

Standard Wireless Access Point ကိုသုံးမယ်ဆိုရင် Speed မြန်တဲ့အတွက် Performance ကောင်းမယ်၊ Regulated

Frequency ကို အသုံးပြုထားတဲ့အတွက် အခြား Device တွေမှ Signal Interface တွေကို ကာကွယ်နိုင်တယ်။ ဒါပေမယ့်

ကုန်ကျစရိတ် များမယ် ၊ Signal အားပျော့တဲ့အတွက် လွယ်ကူစွာ Obstruct လုပ်နိုင်တယ်။

802.11g Standard ဟာဆိုရင် 802.11a နဲ့ 802.11b တွေဆီက ကောင်းတဲ့အချက်တွေကိုစုပြီး ဖွဲ့စည်းထားတဲ့

Standard ဖြစ်ပါတယ်။ ဒါကြောင့် 802.11g ဟာ 64 Mbps Bandwidth Support လုပ်နိုင်တယ်။ 2.4 GHz Frequency

ကိုပဲ အသုံးပြုတယ်။ 802.11g ဟာ 802.11b နဲ့ Compatible ဖြစ်တယ်။ ဆိုလိုတာက 802.11g Access Point တွေဟာ

802.11b Wireless Network Adapter တွေနဲ့ အလုပ်လုပ်နိုင်တယ်။ 802.11g ဟာ Speed မြန်တယ်၊ Signal

အားကောင်းတဲ့အတွက် လွယ်ကူစွာ Obstruct မလုပ်နိုင်ဘူး။ မကောင်းတဲ့အချက်က 802.11b ထက် ကုန်ကျစရိတ်ပိုများ

တယ်။ Unregulated Signal Frequency ကိုအသုံးပြုထားတဲ့အတွက် အနှောင့်အယှက်တွေရှိနိုင်တယ်။

802.11n Standard ဟာ IEEE ရဲ့ Newest Standard ဖြစ်ပါတယ်။ 802.11n ကို  802.11g ရဲ့ Bandwidth

ပမာဏကို Improve လုပ်ဖို့အတွက် Design လုပ်ထားတာပါ။ 802.11n Standard ဟာဆိုရင် Over 100 Mbps

Bandwidth အထိ Support လုပ်ပေးပါတယ်။ 802.11n ဟာ သူရဲ့ Increased Signal Intensity တွေကြောင့်

အစောပိုင်း Standard (802.11a, 802.11b,802.11g)တွေထက် Signal Range ပိုကောင်းပါတယ်။ 802.11n

Equipment တွေဟာ 802.11g Gear တွေနဲ့ Compatible ဖြစ်ပါတယ်။ 802.11n Standard ဟာ Speed အမြန်ဆုံးနဲ့

Signal Range အကောင်းဆုံး ဖြစ်ပါတယ်။ Signal Range ပိုပြီးကောင်းတဲ့အတွက် Outside Sources တွေမှ

Interference တွေကို ပိုပြီးတော့ ခုခံနိုင်ပါတယ်။ ဒါပေမယ့် 802.11n ဟာ  Finalized မလုပ်ရသေးပါဘူး။ Stable

မဖြစ်သေးပါဘူး။ ကုန်ကျစရိတ်ကလည်း 802.11g ထက်ကုန်ကျစရိတ်ပိုများပါတယ်။ 802.11n မှာလည်းပဲ Interference

တွေရှိပါတယ်။

ဒါ့အပြင် Wireless Access Point (WAP) တွေဝယ်ယူတဲ့အခါမှာ Access Point Only နဲ့ Access Point Routing

Function ပါဝင်တဲ့ WAP ဆိုပြီး နှစ်မျိုးရှိပါတယ်။ Routing Function ပါဝင်တဲ့ WAP တွေဟာ Internet Connection ကို

Share ပေးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Access Point Only တွေကတော့ Internet Connection ကို Share လုပ်ပြီး

အသုံးမပြုနိုင်ပါဘူး။

Wireless Access Point တွေဝယ်ယူတဲ့အခါမှာ အမျိုးအစားတွေလည်း အများအပြားရှိပါသည်။ D-Link,3 Com,

Linksys, Netgear, Trendnet စသဖြင့် အမျိုးအစားတွေကတော့ အစုံပါပဲ။

မိမိကြိုက်နှစ်သက်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အမျိုးအစားတိုင်းမှာတော့ Cost and Benefit

တွေရှိကြတာပါပဲ။ D-Link မှာဆိုရင် 802.11 g Standard တွေထဲက DWL-2100 AP SNMP AES, DWL-G700AP

HIGH SPEED 2.4GHz စသဖြင့် Model တွေအများကြီးရှိပါတယ်။ 802.11 n Standarard ထဲမှာဆိုရင် D-Link DAP

1522 Xtreme 4-port Gigabit Selectable Dual Band Draft 802.11n N Duo Wireless Bridge / Access Point

အမျိုးအစားဟာလည်း High Speed ကို Support လုပ်ပေးတယ်။ Signal Range လည်း အရမ်းကောင်းတယ်။ Linksys

မှာလည်းပဲ D-Link ကဲ့သို့အမျိုးအစားစုံလင်စွာရှိပါတယ်။ Linksys ရဲ့ WAP 54 G Model Wireless Access Point

ဟာဆိုရင် 802.11b Standard ရော 802.11g Standard Equipment တွေရောကို Support လုပ်ပါတယ်။  WAP 54

G Model မှာတော့ Router Function မပါရှိပါဘူး။ Router ပါတဲ့ Function ကို ၀ယ်ချင်တယ်ဆိုရင်တော့ Linksys

WRT-54G Wireless-G Router Model ကို ၀ယ်လိုက်ပါ။ ၄င်း Model မှာဆိုရင် Device ၃ မျိုးအဖြစ်အသုံးပြုလို့ရပါတယ်။

Wireless-g (or) Wireless-b တွေအတွက် Wireless Access Point အဖြစ်အသုံးပြုလို့ရသလို Wired-Ethernet Device

တွေနဲ့ ချိတ်ဆက်ဖို့အတွက် 10/100 Mbps Port ၄ခုရှိပါတယ်။ ၄င်းနောက် High-Speed Cable နဲ့ DSL Internet

Connection တွေကို Share ပေးအသုံးပြုဖို့ရန် Router Function တွေပါရှိပါတယ်။ 802.11n Standard တွေထဲမှာဆိုရင်

WAP 400 N Wireless-N Access Point with Power Over Ethernet Model Wireless-N Ethernet Bridge with

Dual Band WET610N WAP စသဖြင့် ရှိပါတယ်။ ဒါက Linksys နဲ့ ပတ်သက်လို့ပြေပြတာနော်။

အခြားအမျိုးအစားတွေမှာလည်းပဲ သူ့ Model တွေနဲ့သူရှိကြပါတယ်။ ကိုယ်ရဲ့ Burget အခြေအနေ ၊ လိုအပ်တဲ့  Speed ၊

အခြား လိုချက်တွေပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ကဲ……………ဒီလောက်ဆိုရင်တော့ Wireless Access

Point တွေကို ရွေးချယ်ဝယ်ယူနိုင်လောက်ပြီလို့ထင်ပါတယ်။

WiFi အကြောင်းသိကောင်းစရာ

WiFi ဘာလဲ၊ ဘယ်လဲ ယခုအချိန်တွင် WiFi မှာ အတော်ပင် အသံကျယ် လောင်ကာ ပြည်တွင်း၌ပင် တွင်ကျယ်လာပြီဖြစ်သည် ကို မြင်တွေ့ရသည်။ ထို့ကြောင့် WiFi နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာသိရှိစေရန် ရည်သန်၍ WiFi နှင့် ပတ်သက်သည့် အချက်အလက်များ ပါရှိသော ယခုစာစုကို ရေးသားလိုက်ခြင်း ဖြစ်သည်။ WiFi ၏ အရှည်မှာ “Wireless Fitelity” ဖြစ်သည်။ ၄င်း၏ မူလ ပိုင်ရှင်မှာWiFi Allance ဖြစ်ကာTEEE 802.11 ၏ Specification များတွင် အခြေခံထားသော WLAN တစ်ခုပင်ဖြစ်သည်။ WiFi ကို Mobile Computing များတွင် အဓိကထား အသုံးပြုကာ Laptop များတွင် Wireless LAN ချိတ်ခြင်း၌ ပို၍ အားသန်ပေသည်။ ယခုအခါတွင် Internet အပါအ၀င် VOIP Phone Access များ Gamming Application များ TV | DVD များတွင်ပါ WiFi သုံး၍ ကြိုးအသုံးပြုခြင်းကို လျော့ချလာနိုင်ပြီ ဖြစ်သည်။ နောက် ဆုံးတွေ့ရှိလာရသော အချက်အလက်များအရ WiFi ကို ကားများတွင်ပါ အသုံးပြုကာ Highway ၌ Mobile Commerce ရရှိနိုင်ရန်အတွက်ဟုပင် ဆိုနေကြပြီ ဖြစ်သည်။

WiFi သမိုင်းကို လှည့်ကြည့်ခြင်း


WiFi ၏ မူလပိုင်ရှင်မှာWiFi Allance ဖြစ်ကာWiFi Trade Mark ကို ပိုင်ဆိုင်သော စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည်။ WiFi ဆိုသည်မှာ LAN ၏ နည်းပညာနှင့် Method များကို IEEE 802.11 ကို ရည်ညွှန်းခြင်းဖြစ် သည်။ WiFi Allance ကို ၁၉၉၉ တုန်းက(WECA) Wireless Ethernet Compatibility Alliance နာမည်ဖြင့် စခဲ့ သည်။ WECA ကို နောက်ပိုင်းတွင် WiFi Alliance ဟု နာမည် ပြောင်းလိုက်ခြင်းဖြစ်သည်။ WECA တွင် ပါဝင်သူ များမှာ -

(၁) 3 Com
(၂) Aironet (Cisco)
(၃) Harris Semiconductor (Intersil)
(၄) Lucent (Agene)
(၅) Nokia နှင့်
(၆) Symbol Technologies တို့ ဖြစ်ကြသည်။
WiFi Alliance မှာ Austin နှင့် Teras တွင်ရှိသည်။


ကွန်ပျူတာ၊ တယ်လီဖုန်း၊ PDA စသော WiFi ပစ္စည်း များကို ကိုင်ဆောင်အသုံးပြုထားသူများသည် Access Point ရှိပါက Internet ကို ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Access Point သည် တစ်ခုဖြစ်စေ၊ တစ်ခုထက် ပို၍ ဖြစ်စေ၊ ဖြစ်ပေါ်နေသော Region ကို Hot Spot ဟု ခေါ်သည်။ ၄င်း Hot Spot များလာခြင်းဖြင့် မိုင်ပေါင်း များစွာ ပမာဏထိ WiFi သုံးနိုင်သည်။

WiFi အလုပ်လုပ်ပုံ Wireless Network ရှိသော လေဆိပ်၊ စာကြည့် တိုက်၊ ကော်ဖီဆိုင်နှင့် ဟော်တယ်တို့တွင် WiFi ဖြင့် အင်တာနက် အသုံးပြု၍ရရှိမည် ဖြစ်သည်။ Wireless Network သည် ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ Setup လုပ်နိုင်သည်။ Wireless Network များတွင် Radio Wave ကိုသုံးထားကာ Cellphone| Television နှင့် ရေဒီယိုများကဲ့သို့ပင် ဖြစ်သည်။ Wireless Network များ ကို ဆက်သွယ်မှုပြုလုပ်သောအခါ Two Way Radio Communication နှင့် အတော်ပုံသဏ္ဌာန်တူပေသည်။ ကွန်ပျူတာ၏ Wireless Adapter သည် Data များကို Radio Signal အဖြစ်ပြောင်းလဲကာ အင်တာနက်ကို သုံးပြီး Transmit လုပ်နိုင်သည်။ ၄င်းကို Wireless Router က လက်ခံရယူကာ Signal ကို Decode ပြန်လုပ်နိုင်သည်။ WiFi ဆက်သွယ်မှုတွင် အသုံးပြုသော Radio Wave သည် Walkie Talkie| Cellphone များတွင် သုံးသော Radio Wave နှင့် အလားသဏ္ဍာန်တူသည်။ ၄င်း Radio Wave များကို Transmit လုပ်နိုင်သလို Receive လည်း လုပ်နိုင်ပေသည်။ ထို့အပြင် Radio Wave များကို ဒီဂျစ်တယ် 1 နှင့် 0 အဖြစ် ပြောင်းလဲနိုင်သလို၊ ဒီဂျစ်တယ် 1 နှင့် 0 များကို Radio Wave အဖြစ်လည်း ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ သို့သော် WiFi Radio သည် Cellphone မှ Radioနှင့် သဏ္ဍာန် တူသော်လည်း ကွဲပြားမှုများရှိနေသေးသည်။ ၄င်းတို့မှာ-

(၁) WiFi သည် Frequencies 2.4 GHZ (သို့) GHZ ဖြင့် Transmit လုပ်သည်။ ၄င်းသည် Cellphone | Walkie Talkie နှင့် Television တို့တွင်သုံးသော Frequency ထက် ပိုမြင့်ကာ Data ပမာဏများများကို သယ်ယူနိုင်သည်။

(၂) WiFi သည် 802.11 Networking စံကို အသုံး ပြုသည်။

(၃) WiFi သည် 802.11b, 802.11g, 80211a တို့ ဖြင့် Transmit လုပ်နိုင်ကာ၊ Interference ကို လျောချပေး နိုင်ပြီး၊ Wireless connection ကို တစ်ပြိုင်တည်း အသုံးပြု နေသော မတူညီသည့်ပစ္စည်းများအတွက် အဆင်ပြေစေ နိုင်ပါသည်။

WiFi ပစ္စည်းကိရိယာများ

WiFi ပစ္စည်းများကို အောက်ပါအတိုင်း လေ့လာသိရှိနိုင် ပါသည်။

WAP (Wireless Access Point)

Wireless Access Point သည် Wireless Station အုပ်စုများကို ချိတ်ဆက်ထားကာ နီးရာ Wire ဖြင့် ချိတ်ဆက်ထားသော LAN များကို ဆက်သွယ်နိုင်ပါသည်။ မိမိတွင်ရှိပြီးသား ကွန်ပျူတာအချို့နှင့် ကွန်ယက်တစ်ခု ရှိခဲ့ရင် WAP လုပ်နိုင်မှာ ဖြစ်သည်။ Access Point ဆိုသည်မှာ Ethernet Hub နှင့် ဆင်တူပေသည်။

Wireless Router

Wireless Router Cable Modem (သို့) DSL တို့ဖြင့် ချိတ်ဆက်ကာ WiFi ပစ္စည်းများဖြစ်သည့် PDA နှင့် Laptop တို့ဖြင့် ချိတ်ဆက်နိုင်သည်။ Wireless Router သည် Wireless Access Point ဖြစ်ပြီး Ethernet Hub နှင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် Wireless Router သည် IP Packets များကို Wireless Subnet နှင့် အခြားသော Subnet များကြားသို့ ပေးပို့နိုင်ပါသည်။

Wireless Ethernet Bridge

Wireless Ethernet Bridge သည် မတူညီသော Network (၂ ) ကို အလွယ်တကူ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါသည်။

WiFi နှင့် Operation System

Microsoft Window XP သည် WiFi ကို ကောင်းစွာ Support လုပ်ပေးနိုင်စွမ်းရှိသော်လည်း WAP2 ကိုတော့ Support ကို လုပ်ပေးနိုင်မှု မရှိချေ။

Microsoft Window Vista မှာ XP ထက် WiFi ကိုပို Support လုပ်ပေးကာ Network အလိုအလျောက် ချိတ်ဆက်နိုင်သည်။

Mac OSX သည်လည်း WiFi နှင့် WPA 2 ကိုလည်း Support လုပ်ပေးနိုင်သည်။

Linux သည် WiFi Card အတော်များများကို ထောက်ပံ့မှု ပြုလုပ်ပေးနိုင်ပါသည်။

WiFi ၏ အားသာချက်များ


WiFi ၏ ကောင်းကျိုးကြောင့် LAN များကို ကြိုး မပါပဲ တပ်ဆင်ပေးနိုင်ပါသည်။ ယခုဆိုလျှင် WiFi Product များကို ဈေးသက်သာ စွာဖြင့် ဈေးကွက်တွင် ကျယ်ပြန့်စွာရရှိနေပြီဖြစ်သည်။ WiFi ၏ အားသာချက်ကြောင့် ကျောင်းများ၊ ရုံးများ တွင် အချိန်မရွေး အင်တာနက်သုံးနိုင်ပြီး၊ လူများ အလွယ် တကူ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။ WiFi မှာ အပြန့်ကျယ်လာသည်နှင့်အမျှ Public Hot Spots ပေါင်း ၂၅၀၀၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော အိမ် သုံး၊ ရုံးသုံး User များ ကမ္ဘာအနှံ့ရှိနေပြီ ဖြစ်သည်။

WiFi ၏ အားနည်းချက်များ

5 GHz နှင့် အလုပ်လုပ်သော 802.11 a မှလွဲ၍ 2.4 GHz အသုံးပြုထားသော WiFi များသည် တိကျသော Frequency မဟုတ်၍ နေရာအလိုက်အနည်းငယ်ကွဲပြား နေတတ်ကာ၊ တည်ငြိမ်မှုနည်းသည်။ WiFi သည် တခြားသောပစ္စည်းများနှင့်စာလျှင် Power အသုံးပြုမှုများသောကြောင့် Battery မြန်မြန် ကုန်နိုင်သည်။ Wireless Network Range မှာ အတိုင်းအတာ ကန့် သတ်ချက်ရှိကာ အိမ်အတွင်း ပေ ၁၅၀ (၄၅)မီတာနှင့် အမြင့်ပေ ၃၀၀ (မီတာ ၉၀) ထိသာ သုံးနိုင်မှာ ဖြစ်သည်။

Wednesday, September 11, 2013

Photoshop မှာ “ဒ” ရိုက်မရရင် ပြင်တဲ့နည်းလေး ပါ လွယ်ကူပါတယ်...

အရင်ဆုံး Photoshop ကိုဖွင့်ပါ ပြီးရင် စာရွက် အသစ်တစ်ရွက်ယူထားပါ

 Edit Menu ထဲက Preference's =General ထဲက Type ကိုသွားရမှာပါ။ ပြီးရင် အဲ့ဒီအောက်က
(use smart quotes ) စာသားကို အမှန်ခြစ်လေး ဖြုတ်ပေးရမှာပါ ။ အဲ့ဒါဆိုရင်တော့ “ဒ” အတွက် အဆင်ပြေပါပြီ..........