Sunday, July 21, 2013

ကွန်ပျူတာမှာ စက်သုံးပြီးတိုင်းလုပ်ပေးသင့်တဲ့အချက် (၅)ချက်ပါ..သိပြီးသားများပါလိမ့်မယ်....

ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် 

အမှိုက်တွေကို ရှင်းလင်းမယ့် နည်း 

(၅)နည်းကို ပြောပြချင်ပါတယ်။

 

သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ 

အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။


အဲဒီ Run box မှာပဲ


၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။




ပြည်သူများသို့ အသိပေးကြေငြာခြင်း

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Orderdat service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
 

Saturday, July 20, 2013

ဝန်ကြီးဌာန ၀ဘ်ဆိုက်များ

ကွန်ပျူတာ နှေးကွေးပါက မြန်ဆန်လာအောင်

၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ

်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံ စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။

၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်း လဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့ အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေးမှတ် ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ အဲ့နည်းလေးက စက်အဖွင့်အပိတ် ကိုမြန်စေပါတယ်ခဏလေးနဲ့ ပွင့်ပြီးshut down လုပ် တဲ့အခါလည်းအတော် လေးမြန်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ် ထားတဲ့အရာလေးပါ။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေကို ဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ် ပါတယ်။နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲထိုနည်းအတိုင်း ပြုလုပ်ပါ။

Thursday, July 18, 2013

ကွန်ပျူတာ ဗိုင်းရပ်စ် ရှိ ၊မရှိ စစ်ရန်

• Tools Menu က Folder Options ပျောက်နေ ပါသလား။
• Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျသွားပါသလား။
• Administrator Account ဖြစ်ရဲ့ သားနဲ့
Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
• Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေပါသလား။
• Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေပါသလား။
• Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေပါသလား။
• Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, New Folder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Format ချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )
အထက်ပါ အချက်တွေထဲက တစ်ခုခု ကွန်ပျူတာမှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။

Photo Slide Show

Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။
 



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။
 

Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း

Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို Click လုပ်ယူပါ။

Window Installing စာအုပ် ဖြန့်ဝေခြင်း

ကွန်ပျူတာ Hardware တစ်ခုချင်းစီကို အသေးစိတ် ရှင်းပြထားပါတယ်။ Software ပိုင်းဖြစ်တဲ့ Window Formatting ပြုလုပ်ခြင်း နည်းပါ ထည့်သွင်း ရှင်းပြထားပါတယ်။ ကွန်ပျူတာကို စပြီး လေ့လာသူများနဲ့ ကျွမ်းကျင်သူများ အတွက်ပါ အသုံးဝင်မယ့် စာအုပ်လေး တစ်အုပ်ပါ။ ကွန်ပျူတာ ကိုင်တွယ်သူတိုင်းတွင် ရှိသင့်သော စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်။ စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။

Command Key စာအုပ်ဖြန့်ဝေခြင်း




ကွန်ပျူတာ သုံးစွဲရာတွင် Command Key များဖြင့် သုံးစွဲခြင်းဟာ မြန်ဆန်လှပါတယ်။ Run Box ထဲမှ မိမိဖွင့်ချင်သည့် ဖိုင်အထိ ဖွင့်လိုရပါတယ်။ ယခု ဖော်ပြမည့် စာအုပ်သည် Run Box ထဲမှ အသုံးပြုရန်အတွက် Command Key များ ဖြစ်ပါသည်။ ကွန်ပျူတာသုံးစွဲသူတိုင်း အသုံးဝင်မည့် စာအုပ် ဖြစ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Gtalk တွင် Music Name ဖော်နည်း

မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်ချင်တယ်လို့ မေးလာတဲ့ စာဖတ်သူအတွက် ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။ သီချင်းကို Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ Window Media Player ဘယ် Version နဲ့ အဆင်ပြေမလဲတော့ သေချာမသိပါဘူး။

မိမိ အသုံးပြုနေတဲ့ Window Media Player က Version 11 ပါ။ ကျန်တဲ့ Version တွေမှာ လုပ်လို့ မရတာမျိုး ဖြစ်မှာစိုးလို့ ကြိုတင်ပြောကြားထားခြင်း ဖြစ်ပါတယ်။ လုပ်နည်းကတော့

(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။

မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာပါလိမ့်မည်။ အဆင်ပြေပါစေ။

Window 7 မှ ပြဿနာအချို့

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။
 

" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။

မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။

တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

(၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
(၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။


(၃) Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၆) မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရင်း။

ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များ ပြန်ဆယ်နည်း

ဒစ်ဂျစ်တယ် သတင်း အချက်အလက်တွေကို သိုလှောင်နိုင် (သို့) လွှဲပြောင်းနိုင်တဲ့ နည်းလမ်းသစ် တခုစီကြောင့် စဉ်းစားစရာ ဖြစ်လာနေတဲ့ သတင်း အချက်အလက်တွေ ပျောက်ဆုံးသွားတာ၊ အခိုးခံရတာ (သို့) အဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နှစ်နဲ့ချီပြီး လုပ်ဆောင်လာခဲ့တဲ့ အရတွေကို အခိုးခံရတာ၊ နမော်နမက်နိုင်မှုကြောင့် ပျက်စီးသွားတာ၊ ကွန်ပျူတာ hardware အသိမ်းခံရတာ၊ (သို့) ဒီဂျစ်တယ် သိုလှောင်ရေး နည်းပညာရဲ့ သဘော သဘာဝအရ အကြမ်းမခံတာတွေကြောင့် တခဏ အတွင်းမှာ ပျောက်ဆုံးသွားနိုင်တယ်။ ကွန်ပျူတာနဲ့ ဆိုင်တဲ့ ကူညီပံ့ပိုးမှုပေးတဲ့ ကျွမ်းကျင်သူတွေကြားမှာ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ ဆိုရိုးစကား တခုကတော့ - "အကယ်လို့ ဒေတာ ပျောက်ဆုံးသွားတယ်ဆိုရင် ဆိုတာ မေးရမဲ့ မေးခွန်း မဟုတ်ဘူး၊ ဘယ်အချိန်မှာ ပျောက်သွားသလဲ ဆိုတာ သိဖို့ပဲ အရေးကြီးတယ်" ဆိုတဲ့အချက် ဖြစ်တယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာရင်၊ နောက်ဆုံး Backup တခုကို ပြန်ဆယ်တင်နိုင်ဖို့ စနစ်တကျ စမ်းသပ်ထားတဲ့ ကိရိယာ တခုခုကို အသုံးပြုဖို့ အလွန် အရေးကြီးတယ်။ Backup နည်းစနစ်ရဲ့ အရေးကြီးပုံကို သတိပြုလာတဲ့ အချိန်ဟာ Backup တခုကို စနစ်တကျ ထားရှိဖို့ လိုအပ်လာတဲ့နေ့ကနေ စတင်လာတယ်။
အဲဒါဟာ လုံခြုံမှု ရှိတဲ့ တွက်ချက်မှုထဲမှာ အခြေခံအကျဆုံး အစိတ်အပိုင်းတွေထဲက တခု ဖြစ်ပေမဲ့၊ ထိရောက်တဲ့ Backup မူဝါဒကို ဖန်းတီးဖို့ ဆိုတာ ထင်ထားသလို သာမန် ကိစ္စတော့ မဟုတ်ဘူး။ မူရင်း ဒေတာနဲ့ Backup တွေကို ပြင်ပ နေရာအမျိုးမျိုးမှာ သိမ်းဆည်းဖို့ လိုအပ်လာမှု၊ Backup တွေကို စိတ်ချလက်ချ သိမ်းဆည်းရန် အရေးကြီးပုံ၊ ကိုယ်ပိုင် အိတ်ဆောင် သိမ်းဆည်းရေး ကိရိယာ (storage devices) တွေကို အသုံးပြုပြီး တယောက်နဲ့ တယောက်အကြား သတင်း အချက်အလက်တွေ ဝေမျှနေကြတဲ့ လူအမျိုးမျိုးကို ညှိနှိုင်းရတဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ထွက်ပေါ်လာတဲ့ စီမံခန့်ခွဲပိုင်းမှာ အခက်အခဲ တခု ဖြစ်လာနိုင်တယ်။ Backup နဲ့ ဖိုင်ဆယ်တင်မှု (file-recovery) နည်းနာတွေအပြင်၊ Cobian Backup နဲ့ Undelete Plus ကိရိယာ နှစ်မျိုး အကြောင်းကို ဒီအခန်းမှာ တင်ဆက် ပေးထားတယ်။

  • လုံခြုံတဲ့ စကားဝှက် တခုရဲ့ အစိတ်အပိုင်းများ
  • ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်ထားနိုင်တဲ့ နည်းလမ်းတချို့
  • စကားဝှက်တွေကို မှတ်မိစရာ မလိုပဲ လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ လုံခြုံတဲ့ KeePass လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ကို အသုံးပြုနည်း
  • (တဆင့်ကူးယူဖော်ပြထားပါသည်)

လုံခြုံတဲ့ စကားဝှက်များကို ဖန်တီးပြီး ထိန်းသိမ်းနည်း

အရေးကြီးတဲ့ လုပ်ငန်းကို ဒစ်ဂျစ်တယ် နည်းပညာသုံးပြီး ဆောင်ရွတ်တဲ့အခါ သက်တောင့်သက်သာ ဖြစ်စေတဲ့ လုံခြုံရေး ဝန်ဆောင်မှုတွေ ဖြစ်ကြတဲ့ ကွန်ပျူတာထဲ sign in လုပ်တာတို့၊ အီးမေးလ် ပေးပို့တာတို့၊ အထိခိုက်မခံတဲ့ ဒေတာတွေကို စာဝှက်ပေးပြီး ဖျောက်ထားတာတို့ လုပ်တဲ့အခါ စကားဝှက်တခု လိုနေတာကို ကျွန်ုပ်တို့ သတိထားမိကြလိမ့်မယ်။ အဲဒီ လျှို့ဝှက် စာလုံးတွေ၊ စကားစုတွေ (သို့) အဓိပ္ပါယ် မရှိတဲ့ စာသားတွေကို အရင် ရေးထည့်တာဟာ သတင်း အချက်အလက်တွေကို တခါတလေ ခွင့်ပြုချက် မရှိဘဲ ဖတ်ရှုတာတို့၊ ကူးယူတာတို့၊ ပြင်ဆင်တာတို့ (သို့) ဖျက်ဆီးတာတို့ မလုပ်နိုင်အောင် အကာအကွယ် ပေးနိုင်တဲ့ တခုတည်းသော အဆီးအတား ဖြစ်နိုင်တယ်။ စကားဝှက်ကို တယောက်ယောက်က သိရှိသွားနိုင်တဲ့ နည်းလမ်း အများကြီး ရှိပေမယ့် တိကျတဲ့ နည်းနာတွေကို အသုံးချခြင်း၊ KeePass လို လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ဆော့ဗ်ဝဲ တခုခုကို အသုံးပြုခြင်းဖြင့် အဲဒီလို အဖြစ်မျိုးကို ကာကွယ်နိုင်ပါတယ်။


  • လုံခြုံတဲ့ စကားဝှက် တခုရဲ့ အစိတ်အပိုင်းများ
  • ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်ထားနိုင်တဲ့ နည်းလမ်းတချို့
  • စကားဝှက်တွေကို မှတ်မိစရာ မလိုပဲ လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ လုံခြုံတဲ့ KeePass လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ကို အသုံးပြုနည်း

ကွန်ပျူတာကို malware နဲ့  hacker များရန်မှ ကာကွယ်နည်း

သင့်ဆီမှာ ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ရှိနိုင်ပေမဲ့၊ ကွန်ပျူတာရဲ့ ကျန်းမာရေးကို ထိန်းသိမ်းတာဟာ ပိုပြီး ကောင်းမွန်တဲ့ လုံခြုံရေး လမ်းကြောင်းဆီဖက်ကို ဦးတည်စေတဲ့ ပထမဆုံး အရေးပါတဲ့ ခြေလှမ်းတရပ်ပဲ ဖြစ်တယ်။ ဒါကြောင့် ကြံ့ခိုင်တဲ့ စကားဝှက်တွေ၊ သီးသန့် ဆက်သွယ်ရေးနဲ့ လုံလုံခြုံခြုံ ပယ်ဖျက်ပေးနိုင်တဲ့ နည်းတွေကို မစဉ်းစားခင်၊ ဥပမာ အားဖြင့်၊ ကွန်ပျူတာကို hacker တွေရဲ့ လက်ထဲ မကျရောက်အောင် (သို့) အန္တရာယ် ရှိတဲ့ ဆော့ဗ်ဝဲ၊ malware, ဗိုင်းရပ်စ်တွေနဲ့ spyware တွေရဲ့ အန္တရာယ်ထဲ မကျရောက်အောင် ဂရုစိုက်ရမှာ ဖြစ်တယ်။ ဒါမှမဟုတ်ရင် တခြား လုံခြုံရေး ဆောင်ရွက်ချက်တွေရဲ့ ထိရောက်မှုကို အာမခံလို့ ရမှာ မဟုတ်ဘူး။ ဒါ့အပြင် သူခိုးက အိမ်အောက်ထပ်မှာ ရောက်နေပြီးမှ တံခါးပိတ်ဖို့ ကြိုးစားတာဟာ အဓိပ္ပါယ် မရှိတဲ့အပြင် တံခါးကို ကျယ်ကျယ် ဖွင့်ထားပြီး အောက်ထပ်ကို သွားရှာနေရင်လည်း အကြောင်းထူးမှာ မဟုတ်ဘူး။
ဒါကြောင့် ဒီအခန်းမှာ ဆော့ဗ်ဝဲ ထိန်းသိမ်းစောင့်ရှောက်နည်း၊ Avast, Spybot နဲ့ Comodo Firewall စတဲ့ ကိရိယာတွေကို အသုံးပြုပြီး ကွန်ပျူတာကို အမြဲတမ်း အန္တရာယ် ပြုနေတဲ့malware ရဲ့ တိုက်ခိုက်မှု၊ hacker ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ရှင်းပြသွားမှာ ဖြစ်တယ်။ ဒီမှာ အကြံပြုထားတဲ့ ကိရိယာတွေဟာ ခြိမ်းချောက်မှု အခံရဆုံးဖြစ်တဲ့ Windows operating system (OS) အတွက် ရည်ရွယ်ထားပေမယ့်၊ GNU/Linux နဲ့ Apple OS X သုံးစွဲသူတွေ အတွက်လည်း အန္တရာယ် ရှိနိုင်တဲ့အတွက် အောက်မှာ ဖေါ်ပြထားတဲ့ နည်းနာတွေကို အသုံးပြုနိုင်တယ်။

  • သတင်း အချက်အလက်တွေရဲ့ လုံခြုံရေးနဲ့ တည်တန့်ရေး၊ ကွန်ပျူတာရဲ့ ကြံ့ခိုင်ရေးနဲ့ တခြား လုံခြုံရေး ကိရိယာတွေအပေါ် စိတ်ချယုံကြည်မှုကို အန္တရာယ်ပြုနေတဲ့ malware ရဲ့ ခြိမ်းခြောက်မှုတချို့၊
  • အဲဒီ ခြိမ်းခြောက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်နိုင်အောင် အထောက်အကူပြုတဲ့ ကိရိယာတွေကို အသုံးပြုနည်း၊
  • ဆော့ဗ်ဝဲကို မကြာခဏ update လုပ်ပေးခြင်းဖြင့် ကွန်ပျူတာကို လုံခြုံအောင် ထိန်းသိမ်းနည်း၊
  • လိုင်စင်ရက် ကုန်ဆုံးတာ (သို့) ခိုးကူးတဲ့ ဆော့ဗ်ဝဲနဲ့ ဆက်စပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားပြီး လုံခြုံရေးကို တိုးမြှင့်နိုင်အောင် လူသိများတဲ့ FOSS ဆော့ဗ်ဝဲတွေ ဖြစ်ကြတဲ့ အခမဲ့ အခမဲ့ ဆော့ဗ်ဝဲ တွေကို အသုံးပြုဖို့ လိုအပ်ပုံတွေ ပါဝင်တယ်။

Right Click ရဲ့ နောက်ခံ Background မှာ စိတ်ကြိုက်ပုံထည့်မယ်

ကွန်ပျူတာရဲ့ Desktop ပေါ်မှာ Right Click နှိပ်လိုက်ရင် နောက်ခံက အဖြူထည်သက်သက်ကြီးမဟုတ်ဘဲ
နဲ့ ကိုယ့်စိတ်ကြိုက်ပုံလေးတွေ ထည့်လို့ရမယ့် ဆော့ဝဲလေး ဖြစ်ပါတယ်။ Desktop ပေါ်မှာမဟုတ်ဘဲ Folder ထဲမှာလည်း Right Click နှိပ်ရင် ပုံပေါ်တယ်နော်။ အောက်က ပုံလေးကို လေ့လာကြည့်ပါ။
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက် ဒေါင်းယူနိုင်ပါသည် ။


ဆော့ဝဲကို ဖွင့်လိုက်ပြီးရင် Install DLL ကို နှိပ်ပြီး Install ရပါမယ်။ ဒါမှသာ အလုပ်လုပ်မှာပါ။
ပြီးရင်တော့ Browse Image မှာ စိတ်ကြိုက်ပုံရွေးထည့်ပေါ့...။ ပုံရဲ့ ဆိုဒ်က ကြီးနေရင် ချိန်ညှိပေးဦးနော်။

အဆင်ပြေပါစေဗျာ။ အားပေးကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ 

ကွန်ပြူတာ အခြေခံ

ကွန်ပြူတာ အခြေခံ

                                          ကွန်ပြူတာ အခြေခံ အပိုင်း(၁)  



ကွန်ပျူတာကို စတင်လေ့လာသူများအတွက် အထောက်အကူပြုမယ်လို့  ယုံကြည်ပါတယ်…

ခုဆိုရင် ကုမ္ပဏီများ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများပါ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်တဲ့အတွက် ကွန်ပျူတာကို သုံးစွဲတတ်ရင် အကျိုးများစွာရှိမှာ ဖြစ်ပါတယ်…

ကွန်ပျူတာကို သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါတယ်…

ကွန်ပျူတာဟာ နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုရန်လိုအပ်တဲ့အတွက် ကွန်ပျူတာကို သုံးတတ်အောင် လေ့လာသင်ကြားထားသင့်ပါတယ်…

ယခုအခါ တေးဂီတပညာရှင်များပါ ကွန်ပျူတာကို ကျွမ်းကျင်စွာ သုံးတတ်အောင် လေ့လာသုံးစွဲနေကြပြီ ဖြစ်ပါတယ်…

A typical computer system consists of several parts. These are computer case, monitor, keyboard, mouse, printer and modem.

ကွန်ပျူတာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်… အဓိက ပါဝင်တာကတော့ -

Computer Case – A computer case contains most of the major components of a computer system.

ကွန်ပျူတာ Casing မှာ အဓိကအစိတ်အပိုင်းများကို တပ်ဆင်ထားပါတယ်…



Casing မှာ ၂-မျိုးရှိပါတယ်… Desktop Casing နဲ့ 



Tower Casing ပါ…

Monitor – A monitor is a device that displays text and images generated by the computer.

Monitor ကတော့ စာတွေ၊ ပုံတွေမြင်ရအောင် လုပ်ပေးထားတဲ့ကိရိယာပါ…


Keyboard – A keyboard is a device that lets you type information and instructions into a computer.

Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊ ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာပါပဲ…

Mouse – A mouse is a handheld device that lets you select and move items on the screen.

Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ ပြောင်းလိုတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ကိရိယာလေးပါ…



Printer – A printer is a device that produces a paper copy of documents you create on the computer.

Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို စာရွက်နဲ့  ထုတ်နိုင်တဲ့ ကိရိယာပါ…


Modem – A modem is a device that lets computers communicate through telephone lines. A modem can be found outside or inside the computer case.


Modem ကတော့ ဖုံးလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိရိယာပါ… Modem ကို အပြင်ဖက် (သို့ မဟုတ်) ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်…


What is called Hardware and Software?

Hardware and Software are the two basic parts of a computer system.

ကွန်ပျူတာမှာ Hardware နဲ့  Software ဆိုပြီး ၂-မျိုးရှိပါတယ်…

Hardware is any part of a computer system you can see or touch.

Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ့ နိုင်တဲ့အရာမှန်သမျှကို Hardware လို့  ခေါ်ပါတယ်… ဒါကြောင့် Computer Case, Monitor, Keyboard နဲ့  Mouse တို့ ဟာ Hardware ပဲ ဖြစ်ပါတယ်…

Software is a set of electronic instructions that tell a computer what to do. You cannot see or touch software.

Software ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ထိတွေ့ လို့  မရနိုင်ပါဘူး…

Software is divided into two kinds of software. These are Application Software and Operating System Software.

Software ကို Application Software နဲ့  Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…

Application Software allows you to accomplish specific task. Popular application software includes Microsoft Word, PhotoShop & AutoCAD.

Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက် စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker၊ အစည်းအဝေးတွေမှာ Slide Show လုပ်ပြီး Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint၊ အချက်အလက်များ ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Micosoft Access၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel၊ ဒီဇိုင်းများ၊ ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ PhotoShop၊ အခြေခံအင်ဂျင်နှီယာပုံများ ဆွဲနိုင်တဲ့ AutoCAD ဆိုတာတွေဟာ Application Software လို့  ခေါ်ပါတယ်…

Operating System Software controls the overall activity of a computer. Most new computers come with the Windows XP, Vista & Windows 7.

Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ်လိုအပ်တာပါ… အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Windows XP, Vista နဲ့  Windows 7 ဆိုတာတွေဟာ Operating System Software ပါ…

How Computers Work
ကွန်ပျူတာအလုပ်လုပ်ပုံ

A computer collects processes, stores and outputs information.


ကွန်ပျူတာဆိုတာ အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့  အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့ ကိရိယာပါ…

Input

An input device lets you communicate with a computer. You can use input devices to enter information and issue commands. A keyboard, mouse and joystick are input devices.


ကွန်ပျူတာထဲကို အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard၊ အမိန့် ပေးတာတွေကို ကူးယူရွှေ့ ပြောင်းနိုင်တဲ့ Mouse၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ ကို Input Device လို့ ခေါ်ပါတယ်…

Process

The Central Processing Unit (CPU) is the main chip in a computer. The CPU processes instructions, performs calculations manages the flow of information through a computer system. The CPU communicates with input, output and storage devices to perform tasks.

ကွန်ပျူတာမှာ အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့အရာပါ…

Store

A storage device reads and records information on storage media. The computer uses information stored on the storage media to perform tasks. Popular examples of storage devices include a hard drive, floppy drive, CD-Recordable drive and tape drive.

ကွန်ပျူတာရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ… များသောအားဖြင့် Hard drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive၊ Tape drive တို့ ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick၊ CD-R၊ CD-RW၊ DVD Drive တို့ ကို သုံးလာကြပါပြီ…


Output


An output device lets a computer communicate with you. These devices display information on a screen, create printed copies or generate sound. A monitor, printer and speakers are output devices.

အချက်အလက်တွေ၊ ပုံတွေကို မြင်ရတဲ့ Monitor၊ အသံတွေကို နားထောင်လို့ ရတဲ့ Speakers၊ Microphone၊ စာရွက်နဲ့ ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…

Bytes
Bytes are used to measure the amount of information a device can store.

Byte ဆိုတာ မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ.. ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ Hard disk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်…

Byte
One byte is one character. A character can be a number, letter or symbol.
One byte consists of eight bits (binary digits). A bit is the smallest unit of information a computer can process.

One byte ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့ မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်…

Kilobyte (K)
One kilobyte is 1,024 characters. This is approximately equal to one page of double-spaced text.

1 Kilobyte = 1,024 Bytes = 103 Bytes (nearly)

Megabyte (MB)
One megabyte is 1,048,576 characters. This is approximately equal to one book.

1 Megabyte = 106 Bytes

Gigabyte (GB)
One gigabyte is 1,073,741,824 characters. This is approximately equal to a shelf of books in a library.

1 Gigabyte = 109 Bytes

Terabyte (TB)
One terabyte is 1,099,511,627,776 characters. This is approximately equal to an entire library of books.

1 Terabyte = 1012 Bytes

ကျွန်တော် စမ်းနေတုန်းပါ ဘာမှလဲမတင်ရသေးပါဘူး အခုမှစမ်းလုပ်နေတာပါ

ကွန်ပြူတာ၊ အင်တာနက်၊ နည်းပညာ နှင့် ပတ်သက်သော စာအုပ်များ


၁..အင်တာနက် ဝက်ဆိုဒ် လိပ်စာများ
၂..ဗိုင်းရပ်ကို ဘယ်လို ကာကွယ်ကြမလဲ
၃..နက်ဝပ်အကြောင်း သိကောင်းစရာများ
၎..အင်တာနက် အီးမေးများကို ကျွမ်းကျင်စွာ အသုံးပြုခြင်း
၅..Twitter အကြောင်း သိကောင်းစရာများ
၆..ဂျီမေးနှင့် ပြုမူလုပ်ဆောင်၍ ရသည်များ
၇..ဂျီမေးနှင့် ဂျီတော့အား ကျွမ်းကျင်စွာ အသုံးပြုခြင်း
၈..ပီစီ ဟတ်ဝဲလ် လက်စွဲ
၉..ပီစီကွန်ပြူတာများအား မိမိဘာသာ ပြုပြင် သင်ယူနည်း
၁၀..Google ၏ လျို့ဝှက်ချက်များနှင့် ၄င်းအား အသုံးချနည်းများ
၁၁..ဂျီမေး၏ လျို့ဝှက်ချက်များ
၁၂..ကွန်ပြူတာများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာမေးခွန်းများနှင့် အဖြေများ
၁၃.. ကျွမ်းကျင် ပိုင်နိုင်စွာ ပြင်စားတတ်စေရန် သိထားသင့်သော အကြောင်းအရာများ
၁၄..ဖိုတိုရှော့ပိုင်းဆိုင်ရာ မှတ်စုများ
၁၅..MP3..MP4 များအား ပြုပြင် တပ်ဆင်ခြင်း
၁၆.. လက်ပတော့ ကွန်ပြူတာများအား ပြုပြင်ခြင်း
၁၇..Internet Security
၁၈..ရိုးသားစွာ ဟက်ကင်း ပြုလုပ်ခြင်း
၁၉..ဟတ်ဝဲလ်အကြောင်း အသေးစိတ်
၂၀..ဂိုဂယ်မှာ ဟက်ကင်းပြုလုပ်ခြင်း

၁..အီးမေးများကို တန်ဖိုးရှိရှိ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုခြင်း
၂..ဂျီတော့ကို နားလည် သဘောပေါက်ခြင်း
၃..ဂျီမေး မှတ်စု နှင့် သိထားသင့်သည်များ
၎..Excel 2007 အားမြန်မာလို လေ့လာခြင်း
၅..CPU အကြောင်း
၆..ဘလော့ဂါ လက်စွဲ
၇..Networking အခြေခံ
၈..Joomla Basic and Google App မြန်မာလို
၉..ကွန်ပြူတာ အခြေခံ လေ့လာသူများအတွက် သိထားရမည်များ
၃၀..အော်တိုကဒ် ၂၀၀၉ အား မြန်မာလို လေ့လာခြင်း
၁..နိုင်ငံတကာ အေပလပ် စာမေးပွဲအား ဖြေဆိုလိုသလား
၂..ဖိုတိုရှော့ စီအက်စ် ဖောအား မြန်မာလို လေ့လာခြင်း
၃..ဖိုတိုရှော့ စီအက်စ် သရီး မြန်မာလို
၎..ပေ့မိတ်ကားအား မြန်မာလို လေ့လာခြင်း
၃၅..ခေတ်တစ်ရာ ဟက်ကာ လက်စွဲ

Wednesday, July 17, 2013

ကွန်ပြူတာ အဖွင့်/အပိတ် windows အလုပ်လုပ်တာ မြန်အောင်လုပ်မယ်

ကွန်ပြူတာ ဖွင့်တာကြာနေသူများ နှင့် ကွန်ပြူတာ မြန်မြန် ဖွင့် ၊ ပိတ် လုပ်ချင်သူတွေအတွက်ပါခင်ဗျာ.....
တချို့ ကွန်ပြူတာတွေဟာ စက်ဖွင့်လိုက်ပြီဆိုတာ နဲ့ ဝင်းဒိုးပွင့် ဖို့ အရေး မိနစ် ၃၀ လောက် ထိုင်စောင့်နေရပါတယ် ... အဲဒီလို အချိန်အကြာကြီးထိုင်စောင့် နေခြင်းမှ အနည်းငယ် သက်သာသွားစေဖို့  ခုဒီနည်းလေးကို သုံးလိုက်ပေါ့နော် ... ဒီနည်းက ကွန်ပြူတာ နှေးနေတာကို မြန်အောင်လုပ်မပေးနိုင်ပါဘူး .. ကွန်ပြူတာ အဖွင့်အပိတ် မြန်အောင်လုပ်နည်းလေးပါ.... ကွန်ပြူတာ အလုပ်လုပ် တာနှေးနေတာကိုမြန်အောင်လုပ်နည်းကို ဒီနေရာလေးမှာတင်ပေးထားပါတယ်
အသုံးပြုပုံကို ပုံနဲ့ တကွ အသေးစိပ် ဖော်ပြပေးလိုက်ပါတယ်
ပထမဦးစွာ windows + R မလုပ်တတ်ရင် start မှ run သို့ သွားပါ ၊၊ run တွင်regedit ကို ရိုက်ပါ။ အောက်ပုံok သို့  Enter ပေါ့ အောက်ကပုံအတိုင်း ထပ်ပေါ် လာရင် yes ကိုနိုပ်ပေးလိုက်ပါ ... မပေါ်တဲ့ကွန်ပြူတာတွေလဲရှိတတ်ပါတယ်

ဝင်းဒိုလေး တက်လာလိမ့်မယ် အဒီထဲမှာ hkey local machine ကိုရှာပါ ၊ တွေ့ ပြီဆိုရင်ဖွင့်လိုက်ပါ ၊ အောက်ပုံပြီးရင် system ကိုထပ်ရှာပြီး ဖွင့်ပါ နောက်ထပ် current control set ပြီးရင် နောက်ထပ် control ကိုထပ်ဖွင့်ပါ ..အောက်ပုံကိုကြည့်ပါပြီးရင် session manager ကိုထပ်ရှာပါ control ရဲ့အောက်ဆုံး နားလောက်မှာရှိပါတယ်၊ တွေ့ ပြီ ဆိုရင် အပေါ်ကနည်းအတိုင်း ထပ်ဖွင့်ပြီး  memory management ကိုဖွင့်လိုက်ပါ ၊၊ အောက်ပုံကိုကြည့်ပါအဲထဲက ဖိုင် ၂ ခုထဲက အပေါ်က prefetchparameters  ဖိုင်ကို  ၁ချက်  ကလစ်ပြီး ယာဘက်ကွပ်လပ် ထဲက Enable prefetcher
ကို ရှာပါ ၊ အောက်ပုံ
ပြီးရင် Enable prefetcher ကိုထောက်ပြီး ယာ ကလစ် တစ်ချက် ပေးလိုက်ပါ ၊ Modify.. ကိုနိုပ်လိုက်ပါ . value data ကို 5လုပ်ပြီး ok နဲ့ ထွက်လိုက်ပါ .. အောက်ပုံကိုကြည့်ပါ

ပြီးပါပြီ ၊ restart လုပ်ချင် လုပ်နိုင်ပါတယ် မလုပ်လဲ ရပါတယ် ...၊၊
ကျွန်တော် နားလည်သလို ဝေမျှ ပေးလိုက်တာပါ .. အမှားပါရင် ခွင့်လွှတ် နားလည် ပေးကြပါ လို့  မေတ္ထာ ရပ်ခံပါတယ် ....

Tuesday, July 16, 2013

သရုပ်ဆောင် နေတိုး၊ မင်းသွေးတို့ မိသားစုဓာတ်ပုံ


My Family OLD Photo & New Photo
သရုပ်ဆောင်မင်းသွေးက သူ့မိသားစု ဓာတ်ပုံ ငယ်ဘ၀နဲ့ အခုလက်ရှိ အရွယ် အမှတ်တရ ဓာတ်ပုံ လေးကို ဖေ့စ်ဘုတ်မှာ တင်ပေးထားပါတယ်။ ဓာတ်ပုံ- မင်းသွေး ဖေ့စ်ဘုတ်မှ

Sunday, July 14, 2013

Youtube Videoများကို Downloaderမလိုပဲကွန်ပျူတာမှ Download လုပ်နည်း




Youtube Videoများကို Downloaderမလိုပဲကွန်ပျူတာမှ Download လုပ်နည်း
===========================================
Myanmar Mobile User Groupမှ ကိုDjan Duata Kn ရေးသားထားသောပိုစ်အားပြန်လည်တင်ပြပေးထားခြင်းဖြစ်ပါသည်။

Softwere မလို Youtube ဒေါင်းနည်း
ကဲဒီတစ်ခါတော့ youtube ကို Softwere မလိုတော့ပဲ ဒေါင်းကြရအောင်နော်။
၁။ ပထမဆုံး
www.youtube.com ထဲကိုဝင်ပါ။ ကိုယ် ဒေါင်းချင်တဲ့ video ကို search.
၂။ ကိုယ်ကြိုက်တဲ့ Video လေးရပြီဆိုရင် LINK လေးကို COPY လိုက်ပါ။
၃။ New Tap ဖွင့်ပြီး
http://www.clipconverter.cc/ ထဲဝင်ပါ။
၎။ Media URL ဆိုတဲ့ နေရာလေးမှာ youtube က ရထားတဲ့ LINK လေးကို PASTE လိုက်။ ( ဖုန်းနှင့်ဆိုရင် Click ဆိုတာလေးကို နှိုက်လိုက်)
၅။ Avi, Flv, Mp4, Mp3, etc… ကိုယ်ကြိုက်တဲ့ Size ကို ရွေးပေါ့။ Size ကလည်း ပြောင်းလို့ရပါသေးတယ်ဗျ။
၆။ Size ရွေးပြီးပြီ ဆိုရင် Continue လေးကို နှိုက်။ ခဏစောင့်လိုက်ပါ။ START လေးပေါလာပါလိမ့် မည်။
၇။ ပေါလာတဲ့ Start လေးကိုနှိုက်လိုက်ပါ။
ကဲ Download က စတင်ပြီဗျာ။

ကွန်ပျူတာဆော့ဝဲ ငယ် များကို တစ်နေရာထဲရှာနိုင်မှာပါ

ကွန်ပျူတာဆော့ဝဲ ငယ် များကို တစ်နေရာထဲရှာနိုင်မှာပါ ။
 http://www.filehippo.com/

Photo movie creator (မိမိဓါတ်ပုံတွေကို movie အဖြစ်ပြောင်းလဲမယ်) (For Android phone)


Photo movie creator (မိမိဓါတ်ပုံတွေကို movie အဖြစ်ပြောင်းလဲမယ်) (For Android phone)
မင်္ဂလာပါဗျာ Android ဖုန်းတွေမှာ မိမိဓါတ်ပုံများကို movie အဖြစ်ပြောင်းလဲပြီး Facebook ပေါ်သို့ တိုက်ရိုက် ပြန်ရှယ်လို့ရပါတယ်ပြောင်းလဲတဲ့ အခါလည်း မိမိစိတ်ကြိုက် စာသားတွေနဲ့ Effect တွေ ထည့် သွင်းလို့ ရပါတယ်ဗျာ File Size (16.44MB) ရှိပါတယ်...။
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ...။>>>>>Download Now/a>အားလုံးအဆင်ပြေပါစေ.......။(တဆင့်ကူးယူဖော်ပြထားပါကြောင်း ၀န်ခံအပ်ပါသည်။)

ကွန်ပျူတာ အသုံးပြု မျက်ကပ်မှန်က သင့်ကို နေ့ စဉ် သတင်းများ ၊ စာသားများနှင့် လူမှူရေး ကွန်ရက်များနှင့် ဆက်သွယ်မှုတို့  ပေးနိုင်



သိပံ္ပ ပညာရှင်များသည် ကွန်ပျူတာ အသုံးပြု မျက်ကပ်မှန် တစ်မျိုးကို တီထွင်နိုင် ခဲ့ရာ ယင်းကို တပ်ဆင်ထားသူအား နေ့ စဉ် သတင်းများ ၊ စာသားများနှင့် လူမှူရေး ကွန်ရက်များနှင့် ဆက်သွယ်မှုတို့ ကို ပေးနိုင်ကြောင်း DM သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြသည်။ အသုံးပြုသူသည် ကွန်ပျူတာရှေ့၌ ငုတ်တုတ်ကြီး အချိန်ကုန်ခံစရာ မလို၊ စမတ်ဖုန်းအား ငုံ့ကြည့်စရာ မလိုဘဲ မျက်ကပ်မှန် တပ်ဆင်ထား ရုံဖြင့်  နေ့ စဉ် သတင်းများ ၊ စာသားပေး ပို့ ချက်များ ရရှိနိုင် သကဲ့သို့  လူမှူရေး ကွန်ရက်များနှင့် လည်း ဆက်သွယ်နိုင်သည် ဟု ဆိုသည်။
ကွန်ပျူတာ Screen အား ကြည့်စရာ မလိုဘဲ ဖော်ပြပါ အရာများသည် သင်၏ မျက်စိရှေ့၌ မျက်ကပ်မှန် တပ်ထားရုံဖြင့် အလိုလို မြင်နိုင်သည် ဟု ဆိုသည်။ အဆိုပါ စိတ်ကူးယာဉ် ၀တ္တုဆန်သော ကိရိယာကို တီထွင်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စု စီတယ်မြို့ နယ်ရှိ ၀ါရှင်တန် တက္ကသိုလ်မှ ပါမောက္ခ ဘာဘက်ပါဗစ်ဇ် ဖြစ်ကြောင်း သိရသည်။

အပျိုစင်အမျိုးသမီး ၁၀၀ ကျော်ကို သတ်ပြီးသွေးနဲ့ရေချိုးခဲ့သူ

အကျော်ကြားဆုံး နဲ့လူသိအများဆုံး တကယ့် သွေးစုတ်ကောင် ကို သင်တို့သိပါသလား ။ သူမ နာမည်ကို မြို့စား ကတော် Elizebeth Bathory လို့ခေါ်ပါတယ် ။ ၁၅၆၀ ခုနှစ်ကနေ ၁၆၁၄ ခုနှစ်အထိ အသက်ရှင်နေ ထိုင်ခဲ့ပါ တယ် ။ သူမကို သမိုင်းမှာ အမျိုးသမီးများအား အများဆုံး ဆက်တိုက် သတ်ခဲ့သူ Serial Killer အဖြစ်မှတ် တမ်းတင် ခဲ့တယ် ။ သူ့ကို နောက်တစ်မျိုးခေါ်တာကတော့ “ သွေးစုတ်မြို့စားကတော် ” တဲ့ ။ သူမ ခင်ပွန်းသေဆုံးသွားပြီးတဲ့နောက် သူမနဲ့ အပေါင်းအပါ လေးယောက်တို့ဟာ ရာပေါင်းများစွာသော အမျိုးသမီး ငယ်တွေကို သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှုတို့နဲ့အဖမ်းခံခဲ့ရတယ် ။ အဲဒီအချိန်တုန်းကတော့ Elizabeth ဟာ အဖမ်းလည်းမခံခဲ့ရသလို အရေးယူခြင်းလည်းမခံခဲ့ရဘူး ။ ဒါပေမယ့် ၁၆၁၀ ပြည့်နှစ်မှာတော့ သူမ ဟာ Cesjte Castle မှာ ထောင်သွင်းအကျဉ်းချခဲ့ရပြီး နောက် Solvakia ကိုရောက်လာခဲ့တယ် ။ သူမသေဆုံးပြီး လေးနှစ်ကြာတဲ့အထိ သူမကို အကျဉ်းချခဲ့တဲ့ တိုက်အုတ်ခန်းလေးက နဂိုအတိုင်း ရှိနေခဲ့ ပါသေးတယ် ။ စာတွေမှာ ဖော်ပြထားတာကတော့ သူမဟာ သူမရဲ့ ငယ်ရွယ်နုပျိုမှု ကို အစဉ်ပိုင်ဆိုင်နိုင်ဖို့ အပျိုစင်တွေ ရဲ့သွေး နဲ့ ရေချိုးခြင်း သောက်သုံးခြင်းစတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ် ။ ဒီထက်ပိုသိချင်ရင်တော့ >>> http://en.wikipedia.org/wiki/Elizabeth_B%C3%A1thory

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင် ပို၍အံ့အားသင့်ကြပေလိမ့်မည်။
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

[Image: abcyDiDA.jpg]

ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီး
မက္ခရာမင်းသားကြီးသည် ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန် ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့် စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့် သိပ္ပံပညာကို စိတ်ဝင်စားလာသည်။ သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။
ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက် မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည် ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို ၀ယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်။
ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ၊ စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန် ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသောစေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့် နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။
ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့် ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင် ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။
ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက် အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်းသင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။
ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင် အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့် နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။
တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊ ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။
စိတ်ကူးပျော်ရာဆိုဒ်မှ စာရေးသူ မင်းအရိပ်၏ ရေးသားမှု.အားပြန်လည်မျှဝေပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်..