Thursday, July 18, 2013

ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များ ပြန်ဆယ်နည်း

ဒစ်ဂျစ်တယ် သတင်း အချက်အလက်တွေကို သိုလှောင်နိုင် (သို့) လွှဲပြောင်းနိုင်တဲ့ နည်းလမ်းသစ် တခုစီကြောင့် စဉ်းစားစရာ ဖြစ်လာနေတဲ့ သတင်း အချက်အလက်တွေ ပျောက်ဆုံးသွားတာ၊ အခိုးခံရတာ (သို့) အဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နှစ်နဲ့ချီပြီး လုပ်ဆောင်လာခဲ့တဲ့ အရတွေကို အခိုးခံရတာ၊ နမော်နမက်နိုင်မှုကြောင့် ပျက်စီးသွားတာ၊ ကွန်ပျူတာ hardware အသိမ်းခံရတာ၊ (သို့) ဒီဂျစ်တယ် သိုလှောင်ရေး နည်းပညာရဲ့ သဘော သဘာဝအရ အကြမ်းမခံတာတွေကြောင့် တခဏ အတွင်းမှာ ပျောက်ဆုံးသွားနိုင်တယ်။ ကွန်ပျူတာနဲ့ ဆိုင်တဲ့ ကူညီပံ့ပိုးမှုပေးတဲ့ ကျွမ်းကျင်သူတွေကြားမှာ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ ဆိုရိုးစကား တခုကတော့ - "အကယ်လို့ ဒေတာ ပျောက်ဆုံးသွားတယ်ဆိုရင် ဆိုတာ မေးရမဲ့ မေးခွန်း မဟုတ်ဘူး၊ ဘယ်အချိန်မှာ ပျောက်သွားသလဲ ဆိုတာ သိဖို့ပဲ အရေးကြီးတယ်" ဆိုတဲ့အချက် ဖြစ်တယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာရင်၊ နောက်ဆုံး Backup တခုကို ပြန်ဆယ်တင်နိုင်ဖို့ စနစ်တကျ စမ်းသပ်ထားတဲ့ ကိရိယာ တခုခုကို အသုံးပြုဖို့ အလွန် အရေးကြီးတယ်။ Backup နည်းစနစ်ရဲ့ အရေးကြီးပုံကို သတိပြုလာတဲ့ အချိန်ဟာ Backup တခုကို စနစ်တကျ ထားရှိဖို့ လိုအပ်လာတဲ့နေ့ကနေ စတင်လာတယ်။
အဲဒါဟာ လုံခြုံမှု ရှိတဲ့ တွက်ချက်မှုထဲမှာ အခြေခံအကျဆုံး အစိတ်အပိုင်းတွေထဲက တခု ဖြစ်ပေမဲ့၊ ထိရောက်တဲ့ Backup မူဝါဒကို ဖန်းတီးဖို့ ဆိုတာ ထင်ထားသလို သာမန် ကိစ္စတော့ မဟုတ်ဘူး။ မူရင်း ဒေတာနဲ့ Backup တွေကို ပြင်ပ နေရာအမျိုးမျိုးမှာ သိမ်းဆည်းဖို့ လိုအပ်လာမှု၊ Backup တွေကို စိတ်ချလက်ချ သိမ်းဆည်းရန် အရေးကြီးပုံ၊ ကိုယ်ပိုင် အိတ်ဆောင် သိမ်းဆည်းရေး ကိရိယာ (storage devices) တွေကို အသုံးပြုပြီး တယောက်နဲ့ တယောက်အကြား သတင်း အချက်အလက်တွေ ဝေမျှနေကြတဲ့ လူအမျိုးမျိုးကို ညှိနှိုင်းရတဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ထွက်ပေါ်လာတဲ့ စီမံခန့်ခွဲပိုင်းမှာ အခက်အခဲ တခု ဖြစ်လာနိုင်တယ်။ Backup နဲ့ ဖိုင်ဆယ်တင်မှု (file-recovery) နည်းနာတွေအပြင်၊ Cobian Backup နဲ့ Undelete Plus ကိရိယာ နှစ်မျိုး အကြောင်းကို ဒီအခန်းမှာ တင်ဆက် ပေးထားတယ်။

  • လုံခြုံတဲ့ စကားဝှက် တခုရဲ့ အစိတ်အပိုင်းများ
  • ရှည်လျားပြီး ရှုပ်ထွေးတဲ့ စကားဝှက်တွေကို မှတ်ထားနိုင်တဲ့ နည်းလမ်းတချို့
  • စကားဝှက်တွေကို မှတ်မိစရာ မလိုပဲ လုံလုံခြုံခြုံ သိမ်းဆည်းပေးနိုင်တဲ့ လုံခြုံတဲ့ KeePass လုံခြုံတဲ့ စကားဝှက် ဒေတာဘေ့စ် ကို အသုံးပြုနည်း
  • (တဆင့်ကူးယူဖော်ပြထားပါသည်)

No comments:

Post a Comment