Friday, August 9, 2013

Laptop ဘက်ထရီ ကို အချိန်ပိုကြာစေရန်

လပ်တော့ရဲ့ Battery သက်တမ်းကိုမြှင့်နိုင်ဖို့နည်းလမ်းတွေကို
ကျွန်တော်သိသလောက် ပြောပြပါ့မယ် ။။
သာမန်အားဖြင့်တော့ ကျွန်တော်တို့ လပ်တော့တွေက အားကျမြန်တယ်လို့
စိတ်ထဲမှာ ထင်ကြပါတယ် အခုနောက်ပိုင်း ထွက်လာတဲ့ Laptop တွေ
နဲ့ Netbook တွေကတော့ အတော်လေး အားခံတယ်ဗျ အနည်းဆုံး ၆နာ၇ီလောက်
ခံရင်တောင် မဆိုးဘူးလေ ဒါပေမယ့် ၂နာရီလောက်နဲ့ဆိုရင်တော့
အလုပ်ဖြစ်မှာမဟုတ်ဘူး ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်မိမိ အရေးကြီးကိစ္စတွေ
လုပ်စရာရှိတဲ့အခါ အားမကုန်အောင်လို့ တတ်နိုင်သလောက် ကျွန်တော်ပြောမယ့်
အချက်လေးတွေကို လုပ်ဆောင်ထားလိုက်ပါ

1. အလင်းအမှောင်ကို ချိန်ထားပါ
~~~~~~~~~~~~~~~~~~~
ဒါက အဓိကလို့ ဆိုနိုင်ပါတယ် အားသွင်းပြီးသုံးတဲ့အခါ အကြောင်းမရှိပေမယ့်
ဘက်ထရီနဲ့သုံးတဲ့အခါမှာတော့ မိမိ အတွက် Brightness ကိုလိုအပ်သလောက်ပဲ
ထားပါ အရမ်းကြီး လင်းနေမယ်ဆိုရင်လည်း ကြည့်မကောင်းတဲ့အပြင်

အားကျမှုကို မြန်ဆန်စေနိုင်ပါတယ် ဒီတော့ Laptop မှာ ပါတဲ့
Fn ကီးလေးနဲ့ Bright အတိုးအလျော့ ခလုတ်ကလေး တွဲနှိပ်ကာ

အသင့်အတင့်ပဲထားပေးပါ။

2.Power Plan ကို သေချာလုပ်ပါ
~~~~~~~~~~~~~~~~

အဓိကက အချက်လို့ ဆိုနိုင်ပေမယ့် လူအတော်များများ မလုပ်ကြပါဘူး
ဘာကြောင့်လုပ်ရတာလဲဆိုတော့ ကျွန်တော်တို့ လပ်တော့လေးကို ရိုးရိုးသာမန်သုံးနေတဲ့
အချိန်နဲ့ plug ထိုးထားတဲ့အချိန်မှာ မတူအောင်ထားရမှာပါ

ဥပမာ ဘက်ထရီနဲ့သုံးနေချိန်မှာ ၁မိနစ်အတွင်း မှိန်သွားအောင် ထားပြီး

အားသွင်းနေချိန်မှာ ၂မိနစ်မှ မှိန်စေတာများ ။။။ နောက်တစ်ချက်က
Sleep ဖြစ်သွားစေတဲ့အချိန်ပေါ့ ဘက်ထရီနဲ့သုံးနေချိန်မှာ မသုံးဘဲ
၅ မိနစ်မှာ Sleep ဖြစ်အောင်ထားမယ် စသဖြင့် plan ဆွဲထားရပါတယ်
ဒါကိုလုပ်ဖို့က မခဲယဉ်းပါဘူး Windows 7 သို့မဟုတ် Windows 8
 
တဆင့်ပြန်လည်ကူးယူဖော်ပြထားပါသည်။
 

No comments:

Post a Comment